Skip to main content

မီးသတ်ဌာန ကိုးကား လမ်းညွှန်မီနူး

မီးသတ်ခြင်းမီးသတ်ဌာနများ


မီး












မီးသတ်ဌာန




ဝီကီပီးဒီးယား မှ






Jump to navigation
Jump to search


ရန်သူမျိုး ငါးပါးတွင် မီးသည် ကြောက်မက်ဖွယ်
အကောင်းဆုံး ရန်သူတစ်ပါးဖြစ်ရုံမက လူတို့နေ့စဉ်
သုံးစွဲနေရသော အရာဖြစ်သဖြင့် အထူးဂရုပြု ကိုင်တွယ်သုံးစွဲသင့်
ကြပေသည်။ ၁၂ ရာသီပတ်လုံး မီးသတိဟူသော ကြော်ငြာ
များဖြင့် အနှံ့အပြား သတိ ပေးကြရ၏။ မီးဘေးသင့်လျှင်
ငြိမ်းသတ်နိုင်ရန် မီးသတ်ဌာနဟူ၍ ပင် အဆင်သင့်
ဖွဲ့စည်းထားရလေသည်။ အစိုးရ မြူနီစီပယ်နှင့် အုပ်ချုပ်ရေး
ဆိုင်ရာဌာတို့ကလည်း မီးသတ်အဖွဲ့ကို အမြဲအားပေး
ထောက်ပံ့ရ၏။ ယင်းသို့ ဂရုစိုက်အားပေးလာမှုကြောင့်
ကြောက်မက်ဖွယ်ကောင်းလှသည့် မြို့ဖျက်၊ နိုင်ငံဖျက်
မီးဘေးများ လျော့ပါး လာခဲ့ခြင်း ဖြစ်ပေသည်။
မီးသတ်လုပ်ငန်းကို လျစ်လျူရှုခဲ့သည့် ရှေးခေတ်ကဆိုလျှင်
ကမ္ဘာပေါ်ရှိ လူနေအိမ်ခြေ ထူထပ်များပြားသော
မြြို့ကီးတိုင်းလိုလိုပင် မကြာမဏမီးဘေးကြီးများနှင့်
တွေ့ကြုံကြရပေသည်။ ၁၆၆၆ ခုနှစ်က
လန်ဒန်မြို့ကြီးကို မီးအကြီးအကျယ် လောင်ကျွမ်းလေရာ
လူနေအိမ်ခြေ ပေါင်း ၁၃,၂ဝဝ ကျော်နှင့်
ဘုရားရှိခိုးကျောင်းပေါင်း ၉ဝ ပြာကျခဲ့ရ၏။ ဒိန်းမတ်နိုင်ငံ၏
မြို့တော် ကိုပင်ဟာဂင်မြို့ ကား ၁၇၂၈ ခုနှစ် မီးကြောင့်
တစ်မြို့လုံး ကုန်လုနီးနီး ပျက်စီး သွားလေသည်။ တူရကီနိုင်ငံ
ကွန်စတန်တီနိုပယ် မြို့တော်တွင် ၁၇၂၉ ခုနှစ်၌ လောင်သော
မီးဘေးကြီးကြောင့် အိမ်ခြေပေါင်း ၁၂,ဝဝဝ ကျော်နှင့် လူပေါင်း
၇,ဝဝဝ ကျော် သေကျေပျက်စီး ဆုံးရှုံးခဲ့ရ၏။ ရုရှနိုင်ငံ
မော်စကိုမြို့ကြီး၌လည်း ၁၇၅၃ ခုနှစ်က အိုးအိမ်တိုက်တာပေါင်း
၁၈,ဝဝဝ ကျော် မီးဘေးကြောင့် ပြာကျခဲ့ရ ဖူး၏။ ဂျာမနီနိုင်ငံ
ဟမ်းဗတ် မြို့ကြီးတွင်လည်း ၁၈၄၂ ခုနှစ်က နာရီပေါင်း ၁ဝဝ
ခန့်ကြာအောင် မီးအကြီးအကျယ် လောင်ကျွမ်းရာ
အဆောက်အအုံပေါင်း ၄,ဝဝဝ ခန့် ပျက်စီးခဲ့ရ၏။ မီးဘေးကား
ကြောက်မက်ဖွယ်ကောင်းလှ၏။ ဤမျှ ကြောက်မက်ဖွယ် ပျက်စီး
ဆုံးပါးမှုများကား မီးဘေးကာကွယ်နှိမ်နင်းရေးကို ဂရုမစိုက်ခဲ့ကြ
၍ သာ ကြုံတွေ့ရသည်ဟု ဆိုဖွယ်ရာရှိ၏။ သို့ရာတွင် အိုးအိမ်
ထူထောင်သည့် အလေ့အထပေါ်သည်မှစတင်၍
မီးဘေးကိုကာကွယ် ရန် ဆောင်ရွက်မှုများ ရှိခဲ့ကြသည်ကို
ရှေးဟောင်းသမိုင်းများ၌ တွေ့ရသည်။
ခရစ်မပေါ်မီ နှစ်ပေါင်း ၄ဝ လောက်က ရောမနိုင်ငံတော်
တွင် ယခုခေတ်တွင်ကဲ့သို့ စနစ်တကျ ဖွဲ့စည်းထားသော မီးသတ်
အဖွဲ့ရှိခဲ့သည်။ ၁၆၆၆ ခုနှစ် လန်ဒန်မြို့ မီးဘေးကြီးသင့်ပြီး
သည်မှ စ၍အင်္ဂလန်နိုင်ငံတွင် မီးဆိုလျှင် လေသံမျှမကြားဝံ့အောင်
ကြောက် ရွံ့လျက်ရှိရကား မီးသတ်လုပ်ငန်းကို
မြို့ရွာအုပ်ချုပ်ရေးလုပ်ငန်းတွင် အရေးကြီးသော တာဝန်တစ်ခု
အဖြစ်ဖြင့် သတ်မှတ်၍ လုပ်ကိုင်ကြ
သည်။ ၁၇၇၄ ခုနှစ်တွင် မီးသတ်လုပ်ငန်းနှင့်စပ်လျဉ်း၍
ပါလီမန် လွှတ်တော်တွင် အက်ဥပဒေတစ်ရပ်
အတည်ပြုထုတ်ပြန်လိုက်သည်။
ထို အက်ဥပဒေအရ လန်ဒန်မြို့ရှိ နယ်အသီးအသီးတွင် မိမိတို့
ဆိုင်ရာ နယ်မြေများအတွက် မီးဘေးဖြစ်ပွားသည့်အခါ ငြိမ်းသတ်
နိုင်ရန် မီးသတ်ဌာနများ ဖွင့်လှစ်၍ မီးသတ်စက်များ
ထားရှိခဲ့လေ သည်။ ကျေးလက်နယ်မြေများတွင်လည်း
မီးသတ်စက်များထားရန် နှိုးဆော်လေသည်။ ၁၈၃၃ ခုနှစ်တွင်
ဂျိမ်းဗရိတ်ဝု ဆိုသူက ပထမ ဆုံး မီးသတ်စက်ကို
တည်ဆောက်၍ လန်ဒန်မြို့အတွက် ထားရှိလေ သည်။ ၁၈၆၆
ခုနှစ်၌ကား လန်ဒန်မြို့ စည်ပင်သာယာရေးအဖွဲ့က လန်ဒန်မြို့၌
မီးသတ်ဌာနကြီးတစ်ခု စနစ်တကျ ဖွင့်လှစ်လိုက်ရာ ထိုအချိန်မှ
အစပြု၍ လန်ဒန်မီးသတ်ဌာနမှာ တိုးတက်ကောင်းမွန်
လာခဲ့ပေသည်။ လန်ဒန်မြို့တည်ရှိရာ တင်းမြစ်ကမ်း၌
မီးသတ်ဌာန ၃ ခုထားကာ ကမ်းပါး၌ မီးလောင်လျှင်
မီးသတ်သင်္ဘောများဖြင့် ငြိမ်းသတ်စေသည်။ လန်ဒန်မြို့
တစ်မြို့တည်း၌ပင်လျှင် ၁၉၃၇ ခုနှစ် စာရင်းအရ
စာရင်းသွင်းပြီး မီးသတ်သမား ၁ယ၉၇၇ ဦး ရှိလေ သည်။
၁၉၃၇ ခုနှစ် ဇူလိုင်လက ဆဋ္ဌမ ဂျော့ဘုရင်နှင့်
အယ်လစ်ဇဗက် မိဖုရားတို့ကိုယ်တိုင် ဖွင့်လှစ်သော
လင်းဗက်မီးသတ်ဌာနသည် ဥရောပတိုက်တွင် မီးသတ်
ကိရိယာများအစုံလင်ဆုံးနှင့် အကောင်းဆုံး မီးသတ်ဌာန ဖြစ်၏။
ခေတ်မှီ မီးသတ်ကိရိယာများ
စုံစုံလင်လင် ထားရှိရုံမျှမက မီငြိမ်းသတ်နည်းများကိုလည်း
စံနစ်တစ်ကျ သင်ကြားပေးသဖြင့် အဂ‡လန်နိုင်ငံ အရပ်ရပ်၌
ကျွမ်းကျင်သော မီးသတ်သမားများစွာ ရှိလေသည်။ မြို့ကြီးများ
သာမက မြို့ငယ် ရွာငယ်ကလေးများတွင်လည်း
သူ့မီးသတ်ဌာနနှင့်သူ ရှိကြ၏။
မြို့ကြီးများ၌ ကျွမ်းကျင်တတ်မြောက်ပြီးသော
မီးသတ်သမားများကို အခကြေးငွေဖြင့် ငှားရမ်းခန့်ထားပြီးသော်
စေတနာဝန်ထမ်းမီးသတ်အလုပ်သင်များကိုလည်း ထိုသူတို့ကို
ကူညီရန် ဖွဲ့စည်းထားရှိလေသည်။ ဆင်ခြေဖုံးရပ်ကွက်များနှင့်
တောရွာတို့တွင်ကား စေတနာဝန်ထမီူ်းသတ်သမားများက
ဆောင်ရွက်သည်ကို တွေ့ရလေသည်။
မီးသတ်လုပ်ငန်းမှာ အလွန်ဖျက်လတ်၍ အလွန်သတ္တိရှိရန်
လို၏။ တစ်စက္ကန့် နှောင့်နှေးလျှင် နှောင့်နှေးသလောက် သိသိ
သာသာ ပျက်စီးဆုံးပါးနိုင်လေသည်။ မီးသတ်ဌာနတွင်
မီးလောင်သည်နှင့်တစ်ပြိုင်နက် သိနိုင်စေရန် အစောင့်အနည်းဆုံး
၂ ယောက်ထားရ၏။ မီးကြည့်ရန် ဆောက်လုပ်ထားသော
မျှော်စင်မှ လည်းကောင်း၊ အရပ်ရပ် ဌာနအသီးအသီးနှင့်
ဆက်ထားသော မီးအချက်ပြသံကြိုးအရလည်းကောင်း
မည်သည့်နေရာ၌ မီးလောင်ပြီဟု သိသည်နှင့် တစ်ပြိုင်နက်
တစ်စက္ကန့် မနှောင့်နှေးစေဘဲ မီးသတ်သမားအား
လုံးကို အချက်ပေးခေါ်ယူပြီးလျှင် မီးလောင်ရာဌာနသို့
ထွက်ကြရ၏။ မီးသတ်သမားများသည် မည်သည့်အခါ၌ မဆို
မီးသတ်ဝတ်စုံကိုအပြည့်အစုံဝတ်၍ ဖြစ်စေ၊ ဝတ်ရန် အဆင်သင့်
ပြင်ဆင်၍ ဖြစ်စေ ရှိနေရမည် ဖြစ်၏။ တာဝန် အလှည့်ကျ
မီးသတ်သမားများကိုအစဉ်သဖြင့် မီးသတ်စက်ရုံ၏ အထက်ထပ်၌
အိပ်စေပြီးလျှင် မီးအချက်ပေး သံကြိုးရသည်နှင့်တစ်ပြိင်နက်
အထက်ထပ်နှင့်ဆက်ထားသော အချက်ပေးခေါင်းလောင်းကို
လှုပ်လိုက်ရ၏။ အချက်ပေးသံ ကြားသည်နှင့် အဆင်သင့်
ကားပေါ် ရောက်ရန် လျှောလှေကားများမှဆင်းကြသည်။
မီးသတ်ကား သွားရေးလာရေး မနှောင့်နှေးစေခြင်းငှာ
အခြားယာဉ်များနှင့်လူများကို လမ်းဖယ်ရန်ခေါင်းလောင်း
သံအဆက်မပြတ်ပေး၍ အမြန်နှင်ရလေသည်။ မီးကိစ္စနှင့် ဤသို့
အရေးတကြီး သွားရစဉ် အခြားယာဉ်၊ လူ စသည်တို့နှင့် တိုက်မိ
လျှင် မီးသတ်စက်၌ အပြစ်မရှိချေ။ မီးလောင်သည့်
နေရာသို့ရောက်လျှင်ပင် မည်မျှပင် ကြီးကျယ်၍ ကြောက်မက်
ဖွယ်ကောင်းအောင်လောင်နေစကောမူ ထိုမီးကို သတ်ရမည်မှာ
မီးသတ်သမားတို့၏ တာဝန်ဖြစ်၏။ မည်သူထွက်ပြေးပြေး၊
မီးသတ်သမားကား မပြေးရ။
မီးငြိမ်းသည်အထိ သူ့တာဝန် ဖြစ်လေသည်။
မီးသတ်သမား၏ တာဝန်မှာ ရှေးဦးစွာ လူတို့၏
အသက်ကို ကယ်၍ နောက်မှ ပစ္စည်းကို ကာကွယ်ရ၏။
အိမ်တွင်းမှငိုသံ၊ ညည်းသံကြားလျှင် မိမိအသက်ကို
ပဓာနမထားဘဲ၊ စွန့်စားဝင်ရောက်ကယ်ဆယ်ရ၏။ အိမ်၏
အဝင်တံခါးပေါက်၌ မီးဝိုင်းနေလျှင် မီးသတ်စက်၌ အဆင်သင့်
ပါလာသော လှေကား ရှည်ကြီးဖြင့် ထောင်တက်ကာ
မီးမစွဲသေးသည့် ပြတင်းကို မိမိ၌ပါသော
ရဲတင်း ပုဆိန် စသည်တို့ဖြင့် ဖွင့်၍ ပိတ်မိနေသော လူတို့၏
အသက်ကို ကယ်ဆယ်ရ၏။ မီးသတ်လှေကားတို့မှာ ပေ ၁ဝဝ
မြင့်သော နေရာအထိပင် တက်နိုင်လေသည်။ သို့ရာတွင်
ဤနေရာ၌ မီးသတ်သမား၏ ကျွမ်းကျင်မှုအလွန်လိုလေသည်။
အသက်ကယ်ဆယ်ရ၏။ မီးသတ်လှေကားတို့မှာ ပေ ၁ဝဝ
မြင့်သော နေရာအထိပင် တက်နိုင်လေသည်။ သို့ရာတွင်
ဤနေရာ၌ မီးသတ်သမား၏ ကျွမ်းကျင်မှု အလွန်လိုလေသည်။
အသက်ကယ်ဆယ်ရန် တစ်ယောက်တည်း တက်ရသည်ထက်
အိမ်တွင်းမှာ သတိမေ့နေသောသူကို ချီ၍ အောက်သို့
ရောက်အောင် ဆင်းရသော တာဝန်မှာ ပို၍ပင် အသဲထိတ်စရာ
ကောင်းလှပေသည်။




မီးသတ်သမားသည် အပူရှိန် ပြင်းလှသော မီးလုံးကြီးများ
မှိုင်းလုံးကြီးများကြားမှ အသက်ကို မငဲ့ဘဲ ပါလာသမျှ ကိရိယာ
များကို ဖြစ်နိုင်သလို အသုံးပြုကာ ဆောင်ရွက်ရ၏၊ ယင်းသို့
ကိုယ်ကျိုးမဖက် အသက်ကိုစွန့်၍ တာဝန်ကြေသူတို့အား
မည်သူသည်အကြွင်းမဲ့ မခြီးကျူးဘဲ နေနိုင်အံ့နည်း။
မီးသတ်သမားတို့သည် မီးရှိန်ကိုကာကွယ်နိုင်သော
အဝတ်အစားများကို ဝတ်ထားလင့်ကစား တစ်ခါတစ်ရံ
အထက်မှလောင်ကျွမ်း၍ ပြိုကျလာသော သစ်တို၊ သစ်စ၊ သံတို
သံစတို့ လူပေါ်တည့်တည့် ကျ၍ သေကြေရ၏။ တစ်ခါတစ်ရံ
မိမိတက်နေသောအိမ်ပြိုကျ၍ သေကြရ၏။ မီးလုံးကြီးများ၏
အပူရှိန်ကို မခံနိုင်သဖြင့် မေ့မြော၍ လည်းသွားကြ၏။
ဤသို့သိလျက် အားကြိုးမာန်တက်ဆောင်ရွက်လိုသော
မီးသတ်သမားတို့၏ သတ္တိနှင့် ဇွဲမှာ ခြီးမွမ်းစရာ ဖြစ်လေသည်။
မီးသတ်လုပ်ငန်းတွင် အရေးအကြီးဆုံးမှာ ဖျတ်လတ်ခြင်းပင်
ဖြစ်၏။ မီးလောင်ရာဌာနသို့ မြန်နိုင်သမျှ မြန်မြန်ရောက်ရန်
အရေးကြီးပေသည်။ ရှေးခေတ်ကဆိုလျှင် မီးစောင့်သမားသည်
အေးအေးဆေးဆေးနှင့် ဖြေးဖြေး လုပ်လေ့ရှိသောကြောင့်
နှောင့်နှေးနေသည့် အချိန်တွင် လူ့အသက်နှင့် ပစ္စည်းများ
မပျက်စီးသင့်ဘဲ ပျက်စီးဆုံးရှုံးရ၏။ မီးလောင်သောအခါမှ
လမ်းတစ်လျှောက်ပြေး၍ မီးမီး ဟူ၍ အော်ကာ သတိပေးတတ်
ကြသည်။ သတိပေးပြီးမှ စေတနာဝန်ထမ်း မီးသတ်သမားများက
မီးငြိမ်းရန် လူစု၍ သွားကြ၏။ဤသို့ဖြင့် တစ်မြို့လုံးကုန်မှ
မီးသတ်သမားများ ရောက်တတ်ကြလေသည်။ သို့ရာတွင်
ယခုခေတ်၌ ဌာနအသီးအသီးနှင့် အချက်ပေး
သံကြိုးသေတ္တာများဖြင့် အဆင်သင့် ဆက်သွယ်ထားသောကြောင့်
မြန်နိုင်သမျှမြန်စွာ မီးလောင်ရာသို့ ရောက်ရန်မှာ
မီးသတ်သမားတို့၏ကျွမ်းကျင် ဖျတ်လတ်မှုပေါ်တွင်သာ
တည်လျက်ရှိပေသည်။[၁]



ကိုးကား



  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)




"https://my.wikipedia.org/w/index.php?title=မီးသတ်ဌာန&oldid=362984" မှ ရယူရန်










လမ်းညွှန်မီနူး


























(window.RLQ=window.RLQ||[]).push(function()mw.config.set("wgPageParseReport":"limitreport":"cputime":"0.044","walltime":"0.044","ppvisitednodes":"value":18,"limit":1000000,"ppgeneratednodes":"value":0,"limit":1500000,"postexpandincludesize":"value":0,"limit":2097152,"templateargumentsize":"value":0,"limit":2097152,"expansiondepth":"value":2,"limit":40,"expensivefunctioncount":"value":0,"limit":500,"unstrip-depth":"value":0,"limit":20,"unstrip-size":"value":324,"limit":5000000,"entityaccesscount":"value":0,"limit":400,"timingprofile":["100.00% 0.000 1 -total"],"cachereport":"origin":"mw1296","timestamp":"20190315090333","ttl":2592000,"transientcontent":false);mw.config.set("wgBackendResponseTime":93,"wgHostname":"mw1245"););

Popular posts from this blog

How to create a command for the “strange m” symbol in latex? Announcing the arrival of Valued Associate #679: Cesar Manara Planned maintenance scheduled April 23, 2019 at 23:30 UTC (7:30pm US/Eastern)How do you make your own symbol when Detexify fails?Writing bold small caps with mathpazo packageplus-minus symbol with parenthesis around the minus signGreek character in Beamer document titleHow to create dashed right arrow over symbol?Currency symbol: Turkish LiraDouble prec as a single symbol?Plus Sign Too Big; How to Call adfbullet?Is there a TeX macro for three-legged pi?How do I get my integral-like symbol to align like the integral?How to selectively substitute a letter with another symbol representing the same letterHow do I generate a less than symbol and vertical bar that are the same height?

The Calvary Singular or Plural The 2019 Stack Overflow Developer Survey Results Are InAre collective nouns always plural, or are certain ones singular?Is “audience” singular or plural?“Wasn't” vs. “weren't” in a vernacular sentence“My last couple of years” — singular or plural?Is 'rest' singular or plural?Is “all but one” singular or plural?Whether to use the singular or plural form of basis?Singular and Plural for numbersIs there a plural form of teeth?performance: plural vs singular?singular or plural nouns?Singular and Plural

Category:Tremithousa Media in category "Tremithousa"Navigation menuUpload media34° 49′ 02.7″ N, 32° 26′ 37.32″ EOpenStreetMapGoogle EarthProximityramaReasonatorScholiaStatisticsWikiShootMe